ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကျောင်းသား/ ကျောင်းသူများ ဂီတ(အဆို) စွမ်းရည်ပြိုင်ပွဲကို ဩဂုတ် ၂၃ ရက်နေ့က အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်) ကျောင်းဆောင် ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပညာရေးဦးစီးဌာနမှ ကျောင်းအုပ်ဆရာမကြီး နော်ဖောဆေးဝါးက ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် အားကစားနှင့် ဂီတဘက်တွင်ပါ ထူးချွန်ထက်မြက်စေရန်၊ အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝပြီး လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားပြီး မူလတန်းအဆင့် အဆိုပြိုင်ပွဲကို “မြမန်းဂီရိ” သီချင်းဖြင့် ကျောင်းသူ (၅) ဦးမှ လည်းကောင်း၊ အလယ်တန်းအဆင့် အဆိုပြိုင်ပွဲကို “ကာလပေါ်ရွာသာယာ” သီချင်းဖြင့် ကျောင်းသူ (၅) ဦးမှ လည်းကောင်း၊ ဆိုကြမယ်ပျော်ကြမယ် ပြိုင်ပွဲကို မိမိကြိုက်နှစ်သက်ရာသီချင်းဖြင့် ကျောင်းသား/ ကျောင်းသူများ (၁၅) ဦးတို့မှ လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးစုံညီပွဲတော်တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီ နော်ဖောဆေးဝါးထံမှ သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)