မင်းလှမြို့ လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်သဘင်အစည်းအရုံးအစည်းအဝေးပြုလုပ်

မင်းလှ ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမ၌ မြို့နယ်သဘင်အရုံးအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးနိုင်ဝင်းထွန်းနှင့် မြို့နယ်သဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းဦးတို့က အမှာစကားပြောကြားသည်။

မြို့နယ်သဘင်အစည်းအရုံးအတွင်းရေးမှူး ဦးစိုးပိုင်ဦးက သဘင်နှင့်ပတ်သက်သည့် အထွေထွေကိစ္စရပ်များ ပြောကြား၍ ငွေစာရင်းရှင်းလင်းတင်ပြသည်။

ထို့နောက် ဒေဝါစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ ဖွဲ့စည်းခဲ့၍ မြို့နယ်သဘင်အစည်းအရုံးတိုးတတ်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပေါက်စ