ကျုံပျော်မြို့၌ သစ်ပင်(၂၄၃၀) စိုက်ပျိုးပြီးစီးမှု မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ
ဒေသတွင်း စိမ်းလန်းသာယာစိုပြည်၍ သာယာလှပစေရန်နှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်စေရန်အတွက် ကျုံပျော်မြို့ သုံးမိုင်ပတ်လည်အတွင်း သစ်ပင် (၂၄၃၀)ပင် စိုက်ပျိုးပြီးစီးမှု မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ အင်းရဲလမ်းဆုံနှင့် ရေကြည် - ကျုံပျော် ကားလမ်းနံဘေး မြို့အဝင်ဆိုင်းဘုတ်အနီးတို့တွင် ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့သည်။