ကြံခင်းမြို့၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ကြံခင်း စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ကျင်းပရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုက ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပြီး မြို့နယ်ရုံးဝန်ထမ်းများက ခွေးရူးရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ရှေ့တွင်ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း