ကျိုက်ထို စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးမှကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်မှ(၇)နှစ်အတွင်း ကျောင်းသားများအား ဆုံဆို့၊ မေးခိုင်(DT) ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ(၃၁၁၀)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)