မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပေး

မြစ်သား စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ၂၀၂၅-၂၀၂၆ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် သီးနှံ‌ပေါ်ချိန်တွင် ချေးငွေများပြန်လည်ပေးဆပ်ရန် စည်းကမ်းချက်နှင့်အညီ ထုတ်‌ချေးပေးခြင်းကို မေလ (၁၅) ရက်နေ့မှစတင်၍ စက်တင်ဘာလ (၂၆) ရက်နေ့အထိ အဆိုပါဘဏ်ခွဲ၌ တစ်မြို့နယ်လုံးအတွက် ထုတ်ချေး‌ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းနှင့်ပတ်သက်၍ မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်အေမီမီခန့်က ယခင်နှစ် ချေးငွေ‌ကြွေးကျန်အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ (၇) အမည်ပေါက်ရှိရမည်ဖြစ်ပြီး ကျေးရွာအလိုက် ဖွဲ့စည်းပေးထားသည့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ပါရှိမှသာ ချေးယူခွင့်ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆၈) အုပ်စုရှိ မိုးရာသီစိုက်ပျိုးဧကစုစုပေါင်း (၁၉၄၀၉)ဧက စိုက်ပျိုးနိုင်ရန်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်‌‌ချေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)