မချမ်းဘော စက်တင်ဘာ ၂၈
ရာဇဝတ်ပြစ်မှုများသည် လူမှုဘဝလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေပြီး တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေနိုင်သည့်အတွက် မချမ်းဘောမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပူတာအိုခရိုင်၊ မချမ်းဘောမြို့ မြို့မစျေးရှေ့နှင့် ဂူဘားရိပ်သာလမ်းဆုံတို့၌ ယမန်နေ့နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြန့်ဝေခဲ့သော မှုခင်းကြိုတင်ကာကွယ်ရေးမှုခင်းပညာပေး လက်ကမ်းစာစောင်နှင့် အွန်လိုင်းလိမ်လည်မှု အသိပညာပေးလက်ကမ်းစာစောင်များတွင် Mobile Banking၊ Mobile payment Account အသုံးပြုသူများ ငွေကြေးလိမ်လည်မှုမခံရစေခြင်း လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သတိပြုရန်အချက်များ၊ မြန်မာနိုင်ငံအတွင်း လက်ရှိကြုံတွေ့ရလျက်ရှိသည့် အွန်လိုင်းလိန်လည်မှုပုံစံများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်လေ့ရှိသော နည်းလမ်းများ၊ အွန်လိုင်းလိမ်လည်သူများ ပြုလုပ်လေ့ရှိသော နည်းလမ်းများနှင့် လူသတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ လူသတ်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ကျူးလွန်ခဲ့ပါက ခံရမည့်ပြစ်ဒဏ်များ၊ လောင်းကစားမှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ဆိုးကျိုးများ၊ပြစ်ဒဏ်များ၊ မုဒိမ်းမှုကျူးလွန်ခံရနိုင်သည့် အချက်များ၊ ကြိုတင်ကာကွယ်ရန်အချက်များ၊ ကျူးလွန်ခဲ့ပါကချမှတ်ခံရမည့် ပြစ်ဒဏ်များ၊ လူကုန်ကူးမှုမခံရစေရန် သတိပြုရမည့်အချက်များ၊ လူကုန်ကူးမှုဖြစ်ပွားလေ့ရှိသည့်ပုံစံများ၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော အဖွဲ့အစည်းများ ၊အကြမ်းဖက်မှုဆိုင်ရာပြစ်မှုများ သတိပြုရှောင်ကြဥ်ရန်အချက်များ၊ အကြမ်းဖက်မှုကျူးလွန်ပါက ခံရမည့်ပြစ်ဒဏ်များ ပါဝင်သော လက်ကမ်းစာစောင်၂၀၀ ကို ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)