ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးမြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သို့ ထောက်ပံ့ပစ္စည်းပေးအပ်၍ ဘိုကလေးပညာရေးဒီဂရီကောလိပ်စာသင်ဆောင်ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်၌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအားတွေ့ဆုံ၍ ဒေသတွင်း လုံခြုံရေးအတွက် လမ်းညွှန်မှုများနှင့် အားပေးစကားများပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။