အောင်လံမြို့၌ စပါးမျိုးစေ့ချစက်ဖြင့် စပါးပျိုးထောင်ခြင်း သရုပ်ပြပွဲ ကျင်းပ

အောင်လံ စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စပါးမျိုးစေ့ချစက်ဖြင့် စပါးပျိုးထောင်ခြင်း သရုပ်ပြပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁၀)စက်မှုလယ်ယာစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲနိုင်ထွန်းက စပါးမျိုးစေ့ချစက် (Paddy Seedling Machine)ဖြင့် စပါးပျိုးထောင်ခြင်း၏ အကျိုးကျေးဇူးများ၊ စက်မှုပိုင်းဆိုင်ရာ သိရှိနားလည်သင့်သည့်အချက်များနှင့် စပါးမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ပြီးသော ပျိုးဗန်းများအား ထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက စပါးမျိုးစေ့ချစက်ဖြင့် စပါးပျိုးထောင်ခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး ပြပွဲတွင် ခင်းကျင်းပြသထားသည့် စပါးမျိုးစေ့ချစက်နှင့် ကောက်စိုက်စက်တို့ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)