နတ်မောက် စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ယနေ့နံနက် ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းဘေးတစ်လျှောက်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နတ်မောက်မြို့နယ် မယ်ဇလီပင်ကျေးရွာအဝင် မြေနိမ့်ပိုင်းချောင်းအစပ်ရှိ ဦးတင်ရွှေ၏နေအိမ်မှာ ချောင်ရေလျှံပြီး မြေပြိုသဖြင့် ချောင်ရေထဲမျောသွားခဲ့ပြီး ၎င်းနေအိမ်တွင်နေထိုင်သည့် မိသားစုဝင်(၇)ဦးအနက် ဦးတင်ရွှေ(၁)သာ တွေ့ရှိရပြီး ကျန်မိသားစုဝင်များအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း၊ ကျွဲမကျကျေးရွာနေ ကျွဲမကျချောင်းအစပ်ရှိ ဒေါ်ဇီး၏နေအိမ်မှာချောင်းရေထဲ မျောပါသွားပြီး ဒေါ်ဇီးအား ဆက်လက်ရှာဖွေဆဲဖြစ်ပါကြောင်းနှင့် နတ်မောက်မြို့အောင်ဆန်းရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ ယင်းချောင်းဘေးတွင်နေထိုင်သော နေအိမ်များသို့ ယနေ့နံနက် (၇) နာရီမှစတင်၍ ချောင်းရေဝင် ရောက်လျက်ရှိသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးရဲနိုင်စိုးနှင့် တပ်မတော်သားများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ပြည်သူများအား ရေဘေးလွတ်ရာသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း