ဒီဂျစ်တယ်နည်းပညာအသုံးပြု ဈေးကွက်ရှာဖွေအသုံးချသင်တန်း အမှတ်စဉ် (၂) ဖွင့်လှစ်

နေပြည်တော် စက်တင်ဘာ ၂၈

နေပြည်တော် MSME Association မှဖွင့်လှစ်သည့် ဒီဂျစ်တယ်နည်းပညာ အသုံးပြုဈေးကွက် ရှာဖွေအသုံးချသင်တန်းအမှတ်စဉ်(၂)ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ သပြေကုန်းရှိ MSME Association အသင်း ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ဒီသင်တန်းကို အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်နဲ့ Digital Marketing ခေတ်ကြီးထဲမှာ မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို အကောင်းဆုံး၊ အထိရောက်ဆုံး ဈေးကွက်မြှင့်တင်နိုင်စေဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ ဒီသင်တန်းမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်တွေအတွက် အဓိကအကျိုးပြုစေမယ့် Digital Marketing နဲ့ပတ်သက်တဲ့ ဘာသာရပ်တွေဖြစ်တဲ့ Social Media Marketing၊ Google Marketing၊ Video Marketing၊ Content Writing၊ Website Development စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်”ဟု နေပြည်တော် MSME Association မှ အသိပညာ၊ နည်းပညာနှင့် ပြန်ကြားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးနိုင်ထက်လင်းက ပြောကြားသည်။

အဆိုပါသင်တန်းတွင် နေပြည်တော် ၈ မြို့နယ်မှ လုပ်ငန်းရှင်း ၂၀ ဦး တက်ရောက်ခဲ့ပြီး MSME လုပ်ငန်းရှင်များနှင့်ပတ်သက်သည့် Digital Marketing သင်တန်းအပါအဝင် သင်တန်းများစွာ ကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇော်(နေပြည်တော်)