နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ထန်ပါခွေ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ ယမန်နေ့နံနက် (၉)နာရီ အချိန်က ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေဆိုးမြောင်းများအား ခြင်နှင့်ပိုးလောက်လန်း ခိုအောင်းမှုမရှိစေရန်အတွက် ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခြင်းလုပ်ငန်းများအား ထန်ပါခွေမြို့တပ်စခန်းမှ အရာရှိစစ်သည်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လုပ်အားဒါနဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ထန်ပါခွေမြို့တပ်စခန်းမှ တပ်စခန်းမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကျောင်းအတွင်းလိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးပြီး ထန်ပါခွေမြို့နေ ရပ်မိရပ်ဖ ဒေါ်ခင်မေလင်းမှ လုပ်အားဒါနပြုကြသော ဌာနဆိုင်ရာဝန်ထမ်း များအား လက်ဖက်ရည်နှင့်မုန့်များ အလှူဒါနပြုလုပ်ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

အလန်(ထန်ပါခွေ)