ရွှေသောင်ယံ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်အတွင်း ဓမ္မာရုံများ၌ ကပ်ထားကြေညာရာ ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါမဲစာရင်းများကို စက်တင်ဘာ(၃၀)ရက်မှ အောက်တိုဘာလ( ၁၃)ရက်အထိ( ၂)ပတ်ကြာ ပထမအကြိမ်ကပ်ထား ကြေညာမှာဖြစ်ပြီး မဲစာရင်းများအား မဲဆန္ဒရှင်များမှ လာရောက် ကြည့်ရှုကြသည့်အခါ မဲစာရင်းတွင် အမည်စာရင်းမပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည် ဖြစ်သည်။
မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါရှိနေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲစာရင်းပါ မိမိအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကိုရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများတွင် အခမဲ့ရယူနိုင်ကြောင်း ထိုကဲ့သို့မဲစာရင်းများ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးစီးပါက မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလအတွင်း နောက်ဆုံး အကြိမ် ထပ်မံကပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)