မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်မဟာမုနိဘုရားကြီးနှင့်ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားများ ငလျင်ကြောင့်ထိခိုက်ပြိုကျပျက်စီးမှုများအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ အောက်တိုဘာ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အဖွဲ့ဝင်များ စက်တင်ဘာ၃၀ရက် ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုရာတွင် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ရောက်ရှိပြီး မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် မဟာမုနိဘုရားကြီးနှင့်ဘုရားကြီးပရိဝုဏ်အတွင်းရှိ သာသနိက အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံတည် ဆောက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုအခြေအနေများ၊ အမရပူရမြို့နယ်ရှိ သမိုင်းဝင်ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရားသို့ရောက်ရှိပြီး  ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စေတီတော်ကြီးနှင့်အရံစေတီတော်များ၊ ရုပ်ပွားတော်မြတ်ကြီးနှင့်သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထွန်းထွန်းနိုင်