သာစည် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်း စက်တင်ဘာ၃၀ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီးခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရွှေတုတ်ကုန်းကျေးရွာအုပ်စု၊ အမှတ်(၂)ခရိုင်ချင်းဆက်လမ်း မိုင်တိုင်အမှတ်(၉၃/၆-၉၃/၇)အတွင်း လမ်း၏ယာဘက်ခြမ်းတံတားအမှတ် (၄/၉၄)၏ ချဉ်းကပ်လမ်းတာပေါင် ပေ ၃၀ခန့် ရေတိုက်စားပျက်စီးခြင်း၊ မိုင်တိုင်အမှတ်(၉၄/ဝ-၉၄/၁)အတွင်းလမ်းပေါ် သုံးပေခန့်ရေကျော်မှုဖြစ်ပွားခဲ့ခြင်း၊ မိုင်တိုင်အမှတ် (၉၉/၅-၉၉/၆)အတွင်း ယာယီရေကျော်တံတား ပျက်စီးများဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေတိုက်စားမျောပါ ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ မြို့နယ်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာများဖြင့် ယာယီသွားလာနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် ခရိုင်ချင်းဆက်လမ်းဘေးရှိကျေးရွာအုပ်စုများမှ ပြည်သူများအနေဖြင့် ပျော်ဘွယ်-ဘုရားငါးဆူလမ်းအတိုင်း ဆက်သွယ်သွားလာလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်