ကျောက်ဆည် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက် မိုးရာသီနှင့် ဆောင်းရာသီများတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး နေကြာသီးနှံများကို တိုက်နယ်(၁)၌(၈၉၁)ဧက၊ တိုက်နယ်(၂)၌ (၁၇၅)ဧက၊ တိုက်နယ်(၃)၌(၆)ဧက၊ တိုက်နယ်(၄)၌ (၇၇)ဧက၊ တိုက်နယ်(၅)၌ ဧက(၁၀)၊ တိုက်နယ်(၆)၌(၄၁၁)ဧက၊ တိုက်နယ်(၇)၌(၁၀၈)ဧက၊ တိုက်နယ်(၈)၌(၈၈)ဧက၊ တိုက်နယ်(၉)၌(၆၅)ဧက၊ တိုက်နယ်(၁၀)၌ ဧက(၂၀)၊ တိုက်နယ်(၁၁)၌(၆၄)ဧက၊ တိုက်နယ်(၁၂)၌ (၂၁၆)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
နေကြာစိုက်တောင်သူများအနေဖြင့် မိုးနေကြာသီးနှံများ စိုက်ရာတွင် မိရိုးဖလာစိုက်နည်း၊ သိပ္ပံနည်းကျစိုက်နည်း၊ စသည့်နည်းလမ်းများဖြင့် စိုက်ပျိုးကြရှိကြောင်း၊ မိရိုဖလာစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက မြေတစ်ဧကအတွက် နေကြာမျိုးစေ့(၅)ပြည်ခန့်အသုံးပြုရပြီး၊ သိပ္ပံနည်းကျစိုက်ပျိုးပါက မျိုးစေ့(၃)ပြည်ကျော် အသုံးပြုရကြောင်း၊ သိပ္ပံနည်းကျစိုက်ျပျိုးခြင်းသည်မိရိုဖလာစိုက်ပျိုးခြင်းထက် အထွက်နှုန်း ပို၍အကျိုးအမြတ်ပိုမိုရရှိသောကြောင့် နေကြာစိုက်တောင်သူများအနေဖြင့် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်