မိုင်းတုံမြို့၌ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ကော်မရှင်မှ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်‌ကော်မရှင်ရုံးတွင် ကျင်းပခဲ့သည်။

 ရှေးဦးစွာ မြို့နယ်‌ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးရဲထွဋ်က မြို့နယ်ကော်မရှင်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်လုပ်‌ဆောင်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်း‌ကောင်း၊ ယနေ့နံနက် ၇ နာရီအချိန်မှစ၍ မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမဲရုံးများတွင် ကပ်ထားပေးနေပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ကိုယ်တာဝန်ကျသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ သွားရောက်ကြီးကြပ်ဆောင်ရွက်ပေးသွားစေလိုကြောင်းနှင့် အခက်အခဲရှိပါက တင်ပြပေးကြစေလိုကြောင်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းပြီး‌နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင်က မြို့နယ်ကော်မရှင်လုပ်ငန်းများစီစဉ်‌ဆောင်ရွက်နေမှုနှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေေ နံနက် ၇ နာရီအချိန်မှစ၍ အောက်တိုဘာ ၁၃ ရက်နေ့ထိ  မဲစာရင်းများကို မဲရုံတိုင်း‌ ကြေညာပေး‌သွားမည်ဖြစ်‌‌ကြောင်းနှင့် လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှု၊ ပယ်ဖျက်မှု၊ ကန့်ကွက်မှုများရှိပါက သတ်မှတ်ထားသည့် ပုံစံဖြင့် လာရောက်လျှောက်ထားနိုင်ကြောင်း အစရှိသည်တို့ကို အကျယ်တဝင့် ရှင်းလင်းခဲ့သည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များကလည်း ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)