နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် MSME အေဂျင်စီအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် MSME အေဂျင်စီအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် MSME အေဂျင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်သည်။

သာစည်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီး

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီးခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

‎‎တာချီလိတ်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရှိ အောင်ဇေယျရဲခန်းမတွင် ကျင်းပခဲ့သည်။

ပခုက္ကူမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များမီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။ 

တံတားဦးခရိုင်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် ၂၀၂၅-ခုနှစ်အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်သည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် (၁၁)နာရီက တံတားဦးမြို့ မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံအတွင်း၌ ကျင်းပကြောင်းသိရသည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနံက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့  အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက   စစ်ကိုင်းမြို့၊  ရွာထောင်ဘိုးဘွားရိပ်သာ၌ ကျင်းပရာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ကြသည်။

ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်းကောင်းမွန်ရေး ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံ ၇၀၀၀၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရပြီး ယခုအခါ ဒေသခံတောင်သူများက မိုးစပါးစိုက်ခင်းများကို သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် ပေါင်းနုတ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ မျိုးကွဲပယ်ခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ် စဥ်(၂/၂၀၂၅)ဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို တံတားမြို့၌  အောက်တိုဘာလ ၁ ရက်နေ့ နံနက်(၉)နာရီက  ကျင်းပခဲ့သည်။
Subscribe to