အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးလက်ရုံး၌ ကျင်းပခဲ့သည်။