မွန်ပြည်နယ် ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူစစ်နှင့် နယ်ခြား‌တပ်များညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ ၂၀၂၄- ၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်/ကောလိပ်မှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ တပ်ဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက် သည်။

ကမာရွတ်မြိုနယ်၌သက်ဆိုင်ရာရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကပ်ထားကြေညာရာ ပြည်သူများက လာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံ တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများစာရင်းအားရပ်ကွက်၊ ကျေးရွာများအလိုက်  ကြေညာ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများအား ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက်ကပ်ထားကြေညာခြင်းကို စက်တင်ဘာ(၃၀) ရက်မှ စတင်‌၍ ဆောင်ရွက်သည်။

တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို မဲရုံ  (၆၀)တွင် ကြေညာထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် လွှတ်တော်အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ ရက် နံနက် ၆ နာရီမှ စတင်၍ ဆက်လက်ကြေညာထားသည်။

ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓ မြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၇ခုနှစ် တန်ဆောင်မုန်းလဆန်း (၈)ရက် ၂၀၂၅ခုနှစ် အောက်တိုဘာ ၂၈ရက်မှစ၍ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက် နိုဝင်ဘာ ၆ ရက်အထိ ၁၀ ရက်တိုင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။

တောင်ငူကေတုမတီဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကျက်သရေဆောင် ကေတုမတီဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို ​အောက်တိုဘာလ ၁ ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ် စစ်‌ဆေးပေးပြီး ဆေးကုသပေးမှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ အောက်တိုဘာ  ၁ ရက်နေ့ နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့နယ်၌ မဲဆန္ဒရှင်လူဦးရေစာရင်းထုတ်ပြန်ကြေညာ

မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရန်အတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိမဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာထားသည်။
Subscribe to