ကမာရွတ်မြိုနယ်၌သက်ဆိုင်ရာရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ 

ရန်ကုန်   အောက်တိုဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကပ်ထားကြေညာရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ထိုသို့မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်း  ပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့်ကန့်ကွက်ခြင်း၊  မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့်လိုအပ်သော ပုံစံများကိုလည်း သက်ဆိုင်ရာရပ်ကွက်အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်(၁၀)ခုတို့တွင် အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို အောက်တိုဘာ ၁၃ ရက်အထိ (၁၄) ရက်ကြာ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)