ဘီးလင်းမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားသည့်နေရာများကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ကွန်ဟိန်းမြို့၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို စက်တင်ဘာ ၃၀ ရက်နေ့တွင် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်းကို အောက်တိုဘာ ၁ ရက်က မြင်းခြံဘိုးဘွားရိပ်သာတွင် ပြုလုပ်သည်။

မကွေးတိုင်း‌ဒေသကြီး ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

မကွေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများစတင်ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ပထမအကြိမ် မဲစာရင်းများကြေညာထားရှိမှု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းကြည့်ရှု

မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို အောက်တိုဘာ ၁ ရက်နံနက် ၁၁ နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မဲရုံ(၂၀၉)ရုံတို့တွင်  မဲဆန္ဒရှင်စာရင်းများကြေညာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ၂၀၂၅ခုနှစ်ရွေးကောက်ပွဲအတွက် မြို့ပေါ်ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅) အုပ်စု၊  မဲရုံ(၂၀၉)ရုံတို့တွင်  ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ သက်ကြီးရွယ်အို စောင့်ရှောက်မှု အစီအစဥ်ဖြင့် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုအစီအစဥ်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ပေးလျက်ရှိရာရှိရာ အောက်တိုဘာလ ၁ ရက်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ (အခမဲ့) ဆောင်ရွက်ပေးကြောင်းသိရသည်။

တန့်ယန်းမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-၂၀၂၅ ခုနှစ် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား တက်ရောက်     

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့သည်။

လွိုင်ကော်မြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ရာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို  စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
Subscribe to