မိုင်းရယ် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကြေငြာထားရှိမှုများအား ယနေ့နံနက်(၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာမဲရုံများတွင် မဲစာရင်းလာရောက် ကြည့်ရှုမှုများအား လိုက်လံကြည့်ရှုပါသည်။
နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မန်ပုံကျေးရွာ၊ မန်ဖျက်ကျေးရွာ အုပ်စု၊ နားခိုကျေးရွာအုပ်စုများရှိ မဲရုံများတွင် ပြည်သူများ မဲစာရင်းများ လာရောက်ကြည့်ရှုခြင်း၊ အမည်စာရင်းမပါရှိမှုများအား လျှောက်ထားခြင်းများကို ကွင်းဆင်းကြည့်ရှုပြီး ပြည်သူများ သိရှိလိုသည်များအား ရှင်းလင်းပြောကြားပေးပါသည်။ မိုင်းရယ်မြို့နယ်အတွင်း ၂၀၂၅ခုနှစ် ရွေးကောက်ပွဲတွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုတွင် မဲရုံ(၂၉)ရုံတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ကြေငြာထားကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)