ဆင်ပေါင်ဝဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်မြတ်ဆရာပူဇော်ပွဲ သန်လျင်၌ကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် (၂၀၂၅)ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့

၂၀၂၅ ခုနှစ် ယနေ့တွင်ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အ.ထ.က (၂) ကျောင်း၊ ဘုရင်နောင်ခန်းမ၌ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာ‌ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရွှေကျင်မြို့နယ်တွင် ဝါကျွတ်ကာလကုသိုလ်တော်အဖြစ် ရှင်ဥပဂုတ္တမထေရ်မြတ် မြို့တွင်းလှည့်လည်ပူဇော်ခံပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့နံနက် (၈) နာရီအချိန်မှစ၍ ဝါကျွတ်ကာလ ကုသိုလ်‌တော်အဖြစ် ရှင်ဥပဂုတ္တမထေရ်မြတ် မြို့နယ်အတွင်း လှည့်လည်ပူဇော်ခံပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ကမ္ဘ့ာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ၊ အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီက အထက(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

မင်းလှမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ World Teachers’ Day အထိမ်းအ မှတ်အခမ်းအနားကိုအောက်တိုဘာ ၅ ရက်နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဓမ္မစကြာရွတ်ဆို ပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များအနေဖြင့် ဘာသာတရားရိုသေကိုင်းရှိုင်းပြီး နူးညံ့သိမ်မွေ့ယဉ်ကျေးသော ကျောင်းသားလူငယ်များဖြစ်လာကြစေရန်၊ အမျိုးဘာသာသာသနာ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဓမ္မစကြာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်၈နာရီချိန်က အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း ဘုရားခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမဆောင်အတွင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သက်ကြီးဆရာကြီး/ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၅ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်၍ ISPE FC အသင်းအား တွေ့ဆုံပြီး ဘော်လီဘောနည်းပြသင်တန်းဆင်းပွဲအခမ်းအနားနှင့် မွေနှင့် Kickboxing စခန်းဝင်အားကစားသမားများအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ နည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to