ကျောင်းကုန်းမြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ကွင်းဆင်းကြီးကြပ်

ကျောင်းကုန်း အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မဲစာရင်းများ ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့(၂)မှ ဝက်ချောင်းတိုက်နယ်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝက်ချောင်းတိုက်နယ်ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်၊ မြို့နယ်စာရင်းစစ်ဦးစီးမှူး ဒေါ်အိအိမောင်နှင့် မြို့ နယ်တရားသူကြီး ဒေါ်ဝါဝါကျော်တို့အဖွဲ့သည် ကိုင်းတာကျေးရွာအုပ်စု၊ မဲရုံ(၁)၊(၂)အတွက် မဲဆန္ဒရှင် (၂၂၃၆)ဦးအား စာရင်းကပ်ထားရှိမှု အခြေအနေများကြည့်ရှုခြင်း၊မဲစာရင်းလာ ရောက်ကြည့်ရှုသူများမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားခြင်း၊ ယာယီနေရပ်စွန့်ခွာသူ မဲဆန္ဒရှင် (၄၄) ဦး၏ လျှောက်ထားမှုအခြေအနေများစိစစ်ခြင်း၊ ပုံစံ-၄ ဖြင့် ပယ်ဖျက်ရမည့်သူ(၄)ဦး၏စာရင်းများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်