ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆေးရုံများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပူဇော်၊ တပ်ဆင်ထားမှုကြည့်ရှု၊ မြို့သန့်ရှင်းသာယာရေး အတွက် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

စစ်တွေ အောက်တိုဘာ ၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကစစ်တွေမြို့ပေါ်ရှိဘုရားစေတီများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ဆေးရုံများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပူဇော်၊ တတ်ဆင် ထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး မြို့သန့်ရှင်းသာယာရေးတွက် ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် လောကာနန္ဒာ စေတီတော်ရင်ပြင်၌ ကိန်းဝပ်အပူဇော်ခံလျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယ ရာဇမုနိဆင်းတုတော်တို့အား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူ ပူဇော်ကြကာ အဆိုပါဆင်းတုတော်နှစ်ဆူ၏ စံကျောင်းတော်(၂)ဆောင်၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ပူဇော်ထားရှိမှုအား ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်  စင်္ကြမုနိဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများဆက်ကပ် လှူဒါန်းကြပြီး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပူဇော်ထားရှိမှုကိုကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်၌ နယ်မြေခံတပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက်ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီမဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြကာ ဆရာတော်ကြီးကျောင်း၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး တတ်ဆင်ထားရှိမှုအားလည်းကောင်း၊ ကြွဖြူဘုန်းတော်ကြီးကျောင်းတိုက်၊ ပညာလင်္ကာရ ဘုန်းတော်ကြီးကျောင်းတိုက်၊ တပ်ဦးဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းတိုက်တို့၌ ဆိုလာ စနစ်ဖြင့် လျှပ်စစ်မီးများတတ်ဆင်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁၇) တပ်မတော် ဆေးရုံ၊ ခုတင် (၁၀၀) တွင် ၂၄ နာရီ မီးရရှိနိုင်ရန်အတွက် 100 KVA ဆိုလာမီးများ တတ်ဆင် ပေးထားမှုကို သွားရောက်ကြည့်ရှုကြရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ဆိုလာနှင့်ဆက်စပ် ပစ္စည်းများ ရောက်ရှိတတ်ဆင်နေမှု၊ ပြီးစီးနေမှုနှင့် မီးများဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း စနစ်တကျ စေတနာထားဆောင်ရွက်ကြရန်နှင့် ဆိုလာမီးများကိုင်တွယ်သုံးစွဲရန် ဆေးရုံဝန်ထမ်းများအား သင်ကြားပို့ချပေးသွားရန်မှာကြားပြီး ဆိုလာမီးများ တတ်ဆင်ထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်သည် အမှတ်(၁၇) တပ်မတော်ဆေးရုံ၊ ခုတင် (၁၀၀)တွင် ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြသူများအား စားသောက်ဖွယ်ရာများ‌ ပေးအပ်ခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ သန့်ရှင်းသာယာရေးအတွက် အထူးသန့်ရှင်းရေးအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေမှုများအား လိုက်လံရှင်း လင်းပြသခဲ့ကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)