မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေအကြောင်းပြည်သူလူထုသို့ ရှင်းလင်းဆွေးနွေးပေးခြင်းနှင့် ဆန္ဒမဲ‌ပေးစက် MEVM အသုံးပြုမှုသရုပ်ပြပွဲအခမ်းအနားကျင်းပ

မြစ်သား အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေအကြောင်း ပြည်သူလူထုသို့ ရှင်းလင်းဆွေးနွေးပေးခြင်းနှင့် ဆန္ဒ‌မဲပေးစက် MEVM အသုံးပြုမှု သရုပ်ပြပွဲ အခမ်းအနားကို ယ‌နေ့နံနက်(၉)နာရီအချိန်က ဘူတာရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်းပေးရေးဥပဒေ အကြောင်းရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖိုး၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖွဲ့စည်းပုံကို ရှင်းလင်း‌ပြောကြားပြီး ဘူတာရပ်ကွက်မှပြည်သူများ အားမဲပေးခြင်းသရုပ်ပြသခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖြိုး၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူ (၅၅၀) ဦးခန့် တက်ရောက်ခဲ့‌ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)