ရန်ကုန် အောက်တိုဘာ ၅
သန်လျင်ခရိုင် သန်လျင်မြို့နယ် (၂၀၂၅)ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အထက်တန်း ၊အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ဆရာ၊ဆရာမများ တက်ရောက်ကြသည်။
အစီအစဉ်အရ ကန်တော့ခံဆရာ၊ဆရာမကြီးများအား ဖါးကူးအထက ကျောင်းအုပ်ကြီး ဦးမင်းလွင်က ကန်တော့ချိုး တိုင်ပေးပြီး ဆရာ၊ ဆရာမများက ပူဇော်ကန်တော့ကြသည်။ ထို့နောက် ဂါရဝပြုကန်တော့ငွေများအား ဆရာ၊ ဆရာမများက ကန်တော့ခံ ဆရာကြီး ဆရာမကြီးများထဲသို့ တစ်ဦးချင်း ပေးအပ်ကြသည်။
ထို့နောက် ကန်တော့ခံ ဆရာကြီး ဦးအာရ်မြလွင်၊ ဆရာမကြီး ဒေါ်မြလေးတို့ တို့က ဆုံးမဩဝါဒ ဆုတောင်းမေတ္တာစကားများ ပြောကြားကြသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲတွင် မြို့နယ်အတွင်းမှ အသက်(၇၀)နှစ်အထက် အငြိမ်းစား ဆရာကြီး ဆရာမကြီး (၁၃၅)ဦးတို့အား တစ်ဦးလျင် ပူဇော်ကန်တော့ငွေ ကျပ်ငါးသောင်းစီ ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)