စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနား

စလင်း  အောက်တိုဘာ  ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမဆောင်အတွင်း၌  ယနေ့နံနက် (၉) နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သက်ကြီးဆရာကြီး/ဆရာမကြီးများအား  မြတ်ဆရာပူဇော်ပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စလင်းမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဌေးက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့  တက်ရောက်လာကြသည့် တပည့်ဟောင်း ဆရာ၊ ဆရာမများမှအပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးများကို  ကန်တော့ချိုးဖြင့်  ပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက်  ပူဇော်ခံဆရာကြီး ဆရာမကြီးများအား  အပူဇော်ခံပစ္စည်းများဖြင့်  ဆက်ကပ်ပေးအပ်ခဲ့ပြီး အပူဇော်ခံဆရာများ၏ကိုယ်စား  ဆရာကြီး  ဦးမောင်မောင်အေးမှ  ကျေးဇူးတင်စကားများပြောကာ ဆုများပေးသြဝါဒစကား များချီးမြှင့်ခဲ့သည်။

ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့်ဆရာဆရာမများ ကျောင်းသားဟောင်းများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကာ  ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများဖြင့် အမှတ်တရဓာတ်ပုံများရိုက်ကူးကြကြောင်း သိရသည်။

မောင်လွင်(စလင်း)