စာဂမုတ္တိ အကျွတ်အလွတ်စေတီတော်အား ပဥ္စမအကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ
ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အမှတ် (၅၃) ရပ်ကွက် မြို့နယ် ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှဘုရား) စေတီတော်ပရဝုဏ်အတွင်းရှိ တနင်္ဂနွေထောင့်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် စာဂမုတ္တိအကျွတ်အလွတ်စေတီတော် ပဥ္စမအကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါစေတီ၌ ပြုလုပ်သည်။