ဟင်္သာတမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက်ဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက် တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတ တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက် ဟောပြောပွဲကို အောက်တိုဘာ ၁၄ နေ့နံနက် ၉ နာရီက မြို့ပေါ်ကျောင်းများတွင် ပြုလုပ်ခဲ့သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ(မော်လမြိုင်)သို့ နည်းပညာတက္ကသိုလ်(မော်လမြိုင်) အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား/ သူများ လာရောက်ကွင်းဆင်းလေ့လာ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ်(မော်လမြိုင်) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကြီးကြပ်သူဆရာမ (၂)ဦး၊ ကျောင်းသား/သူ (၂၀)ဦးတို့က အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၏ ရုပ်သံဖမ်းယူထုတ်လွှင့်မှု လုပ်ငန်းအဆင့်ဆင့်အား  လာရောက်ကွင်းဆင်း လေ့လာခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE နှင့် အလယ်တန် NFME) ဖွင့်ပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE နှင့် အလယ်တန် NFME) ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ ပုံပြင်ပြော၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် ပုံပြင်ပြော၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ခန္တီးမြို့၌ ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီဆောင်ရွက်ခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီက ခန္တီးမြို့ပေါ်ရှိ ကာရာအိုကေ(KTV)ဆိုင်များ၌ အောက်တိုဘာ ၁၄ ရက်နေ့ နံနက်(၁၀)နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့်အဖွဲ့များ ဓနုဖြူမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် အဖွဲ့များသည် ယနေ့အောက်တိုဘာလ ၁၄ ရက်နေ့ ၁၀း၃၀ အချိန်က ဓနုဖြူမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုဗ္ဗသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်၊ အ.ထ.က(ကျီနီ)တွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို အောက်တိုဘာလ(၁၄)ရက်၊ နံနက်(၉)နာရီက ကျီနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ လှည်းကူးမြို့နယ်အတွင်းသို့ (အခမဲ့)ကွင်းဆင်းကုသပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၉ နာရီက ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦး ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ လှည်းကူးမြို့နယ်အတွင်းရှိပြည်သူများအား (အခမဲ့)ကွင်းဆင်းကုသပေးခဲ့ကြောင်းသိရသည်။
Subscribe to