ကန့်ဘလူခရိုင်/ မြို့နယ်မြေကွက်ချထားရေးကော်မတီမှ မဲစနစ်ဖြင့် မြေကွက်များ မဲနှိုက်ချထားသည့် အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာမှ နေရပ်စွန့်ခွာ လာကြသည့် ပြည်သူများ၊ နယ်မြေရှင်းလင်းရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်စဥ် ကျဆုံး/ကိုယ်လက် အင်္ဂါစွန့်လွှတ်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ သက်ပြည့်အငြိမ်းစားဝန်ထမ်းများ၊ ပေးသင့်ပေးထိုက်သည့်ဝန်ထမ်းများ၊ မူလပိုင်ရှင်တောင်သူများနှင့် အသနားခံတင်ပြသူများအား မဲစနစ်ဖြင့် မြေကွက်များ မဲနှိုက်ချထားသည့်အခမ်းအနားကို ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ အောက်တိုဘာ ၁၄ ရက်နံနက် ၉ နာရီခွဲက ကျင်းပသည်။

ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖူးကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာရှိ တောင်သူဦးအေးနိုင်၏ လယ်မြေကွင်းအမှတ် (၁၆၈) ဦးပိုင်အမှတ် (၁၉)၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကိုကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအခြေပြုဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံမှုအား လှည့်လည်ကြည့်ရှုအားပေး

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံပညာကျောင်းနေ ကလေးငယ်များ အသက်အရွယ်အုပ်စုအလိုက် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) များ ထိုးနှံးပေးခြင်းလုပ်ငန်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာထက်၊ လယ်၊ မူ ကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီးစိုးရအဖွဲ့၊ မ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

(၃၅)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်းအခမ်းအနား ကျင်းပ

(၃၅)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ပြုလုပ်ကျင်းပသည်။

သထုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းက ပေါ်တော်မူကျောက်တန်းကျေးရွာ အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်း၊ ပုံပြင်ပြော၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်း၊ ပုံပြင်ပြော၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရွှေဘိုမြို့၌ အမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်း ရရှိ​ရန်အခြေခံစက်ချုပ် (အခမဲ့) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီး က​လေးအလုပ်သမားပ​ပျောက်​ရေး​ကော်မတီ၏  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့်အ​သေးစား စက်မှုလက်မှုလုပ်ငန်းဦး​စီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့် အ​ခြေခံစက်ချုပ်(အခမဲ့) သင်တန်းအမှတ်စဥ် (၂/၂၀၂၅)ဆင်းပွဲအခမ်းအနားကို ​ရွှေဘိုခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယမန်​နေ့နံနက်ပိုင်းက​ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Subscribe to