မိုးညှင်း အောက်တိုဘာ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် ပုံပြင်ပြော၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအား ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတတ်စေရန်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ အခြေခံပညာမူလတန်းကျောင်း(သာစည်)မှ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း