ကသာ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE နှင့် အလယ်တန် NFME) ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ခရိုင်တာဝန်ခံပညာရေးမှူး ဦးစိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ ကြီးကြပ်ရေးမှူး ဆရာမ ဒေါ်ချိုကကျောင်းပြင်ပ ပညာရေးအလယ်တန်းအဆင့်နှင့် ပတ်သက်၍လည်းကောင်း၊ ဆရာမ ဒေါ်ခင်ညိုဆန်းက ကျောင်းပြင်ပ ပညာရေးမူလန်းအဆင့်နှင့် ပန်သက်၍လည်းကောင်း မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းက ကသာမြို့နယ်၏ ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ဆောင်ရွက်ထားမှုအဆင့်ဆင့်တို့ကို လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြပြီး ကျောင်းသားမိဘများကိုယ်စား မိဘတစ်ဦးက ကျေားဇူးတင်စကား ပြောကြားခဲသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ခံ ခရိုင်ပညာရေးမှူးဦးမြင့်စိုးတို့က ကျောင်းပြင်ပ ပညာရေးကို သင်ယူကြမည့်ကျောင်းသား/ ကျောင်းသူများအား အခမဲ့ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ကျောင်းသားမိဘများ စုစုပေါင်း (၁၇၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ကသာ)