သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ လှည်းကူးမြို့နယ်အတွင်းသို့ (အခမဲ့)ကွင်းဆင်းကုသပေး

လှည်းကူး အောက်တိုဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၉ နာရီက ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦး ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ လှည်းကူးမြို့နယ်အတွင်းရှိပြည်သူများအား (အခမဲ့)ကွင်းဆင်းကုသပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းကုသရာသို့ မြို့နယ်ပြည်သူ့ဆေးရုံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များကိုကူညီပေးခဲ့သည်။

ထို့နောက် သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာ လွင်လွင်ဦးလှိုင် ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာ/ဆရာမများနှင့် ဆေးဝါးအဖွဲ့မှ ကွင်းဆင်းကုသမှုအစီအစဉ်တွင် မျက်စိ၊ ခွဲစိတ်ကုသဌာန၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ ရင်ခေါင်း၊ ကလေးရောဂါ၊ အရေပြားရောဂါ၊ ဖျားနာကုသဌာန၊ သားဖွားမီးယပ်၊ ကျောက်ကပ် ရောဂါကုသဌာန၊ စိတ်ကျန်းမာရေး၊ ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးအကြော၊ ဆီးကျောက်ကပ်၊ သွားနှင့်ခံတွင်းရောဂါကုသဌာန၊ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးဌာနတို့မှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာ/ဆရာမများအဖွဲ့ (၁၅)ဖွဲ့နှင့် ဆေးဝါးအဖွဲ့(၁)ဖွဲ့တို့က လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများအား ရောဂါရှာဖွယ် စစ်ဆေးကုသပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ EGC,အာထွာဆောင်း( TV )ဓာတ်မှန်ရိုက် ပေးခြင်းနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းစသည်တို့ကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(လှည်းကူး)