မောက်မယ်မြို့နယ်၌ ရပ်ကွက်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများအား ဒုတိယအကြိမ် (MEVM)စက်အသုံးပြုနည်း အသိပညာပေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူးကျင်းပသည့် ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား ဒုတိယအကြိမ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်း အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ နမ့်ယွမ်းခန်းမ၌ အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။