ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်း ရပ်ကွက်များအလိုက် စတင်ကပ်ထားကြေညာ

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ရပ်ကွက်များအလိုက် ပထမအကြိမ်ကပ်ထားကြေညာခြင်းကို အောက်တိုဘာ ၃ ရက်နေ့နံနက် ၇ နာရီ အချိန်မှစတင်ကာ ဆက်လက်ကပ်ထားကြေညာထားကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်​မြို့နယ်ရှိ ရပ်ကွက်များအတွင်း ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ထားကြေညာထားရှိခြင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းကပ်ထားခြင်းများအား လိုက်လံကြည့်ရှု့စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (င/ခ)ရပ်ကွက်၊ (င/က)ရပ်ကွက်၊ (ဆ/က)ရပ်ကွက်၊ ဘဝမြင့်ရပ်ကွက်၊ (ဆ/ခ)ရပ်ကွက်၊ ဇဝနရပ်ကွက်နှင့် ကျိုက္ကဆံအနောက်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးများသို့ ယမန်နေ့ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်လျှပ်စစ်မန်​နေဂျာဦးထွန်းမင်းစိုးနှင့် သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းကလိုက်လံကြည့်ရှု့ စစ်ဆေးခဲ့သည်။

မင်္ဂလာဒုံမြို့နယ် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာမှု ပြည်သူများ လာရောက်ကြည့်ရှု

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မင်္ဂလာဒုံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ စက်တင်ဘာ ၃၀ ရက်မှ စတင်၍ ကပ်ထားကြေညာခဲ့ရာ ယနေ့တွင်လည်း ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲ (၂) နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် မဲစာရင်းပါရှိရေး၊ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုများတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်းကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဖျားကျေးရွာ၊ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်းတိုက်တွင် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show)ပြုလုပ်

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show)ပြုလုပ် ပခုက္ကူ အောက်တိုဘာ ၃ ခရိုင်(ပြန်/ဆက်)

ရွှေတောင်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် Talk Show ကျင်းပ

ရွှေတောင်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် Talk Show ကျင်းပ ရွှေတောင် အောက်တိုဘာ ၃ ရွှေတောင်(ပြန်/ဆက်)

ကချင်ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ‌ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားပြီဖြစ်ကြောင်း သိရသည်။

မက်မန်းမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင်ရှိသူ မဲဆန္ဒရှင်စာရင်းများကို စတင်ကပ်ထားကြေညာ

မက်မန်းမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင်ရှိသူ မဲဆန္ဒရှင်စာရင်းများကို စတင်ကပ်ထားကြေညာ မက်မန်း အောက်တိုဘာ ၃ ဦးအောင်ဇေယျာထွန်း
Subscribe to