မိုးကောင်း မတ် ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ မြို့တော်ခန်းမရှေ့ ပြည်ထောင်စုလမ်းမ၌ မတ်လ(၂၄)ရက် နံနက်(၈)နာရီတွင် "တီဘီရောဂါကင်းဝေးဖို့ နိုင်ငံတော်ကဦးဆောင်လို့ ပြည်သူအားဖြင့်ဆောင်ရွက်စို့" Yes We Can End Tb Led By Countries, Power By People ဆောင်ပုဒ်ဖြင့် ကမ္ဘာတီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းများ ဖြန့်ဝေကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖီးနစ်လူမှုကူညီရေးအသင်းမှ ဥက္ကဌနှင့် အသင်းဝင်များစုပေါင်း၍ ပြည်ထောင်စုလမ်းမကြီးတွင် ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ခြေလျင်ဖြင့် သွားလာနေကြသောပြည်သူများအား ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တီဘီရောဂါအကြောင်းသိကောင်းစရာ၊ ရောဂါလက္ခဏာမပေါ်မီတီဘီဆေးဖြင့်ကာကွယ်ကုသခြင်း၊ သင့်ပတ်ဝန်ကျင်ရှိတီဘီရောဂါ သင့်မိသားစုနှင့်သူငယ်ချင်းများအတွက် အရေးကြီးသောသတင်းစကားစသည့်ခေါင်းစဉ်များပါရှိသော လက်ကမ်းစာစောင်(၃)မျိုး ဖြန့်ဝေကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)