မုဒုံမြို့၌ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေး

နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက မုဒုံမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ကျင်းပသည်။

ဝမ်းတွင်းမြို့၌ ၆၅ ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်၌ မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းပြိုင်ပွဲ စတင်ကျင်းပ

ပုဂံခေတ် ပေါက္ကံ ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့်   မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅  ကြိမ်မြောက်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် ယနေ့နံနက်ပိုင်းမှစတင်ကာ မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အင်းစိန်မြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီး စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်‌ကျောင်းများအရောက် စာအုပ်များ သွားရောက်‌ဌားရမ်းပေးလျက်ရှိရာ ယမန်နေ့တွင် အင်းစိန်မြို့နယ်‌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အ.လ.က (၄) ကျောင်း၊ အ.မ.က (၅) ကျောင်းများသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ် ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်းရှိ နေအိမ်များ၌ စတင်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ကန့်ဘလူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၈ ရက်နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ “သူရသီဟ” ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “သူရသီဟ”ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဗလငါးတန်နှင့်ပြည့်စုံစေသည့် ကျောင်း သား၊ ကျောင်းသူများ ဖြစ်လာစေရန် ယနေ့မွန်းလွဲ ၁ နာရီခွဲက လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ World Vision Myanmar အဖွဲ့မှကျောင်းသား/သူများအား စာရေးကိရိယာများ ထောက်ပံ့    

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ World Vision Myanmar အဖွဲ့မှ ကျောင်းသား/သူများ ပညာသင်ယူရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်ရှိ ဆီထွက်သီးနှံနေကြာ အောင်မြင်ဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးနှင့် ဆောင်းသီးနှံ စိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ဇန်နဝါရီ (၂၈) ရက်နေ့က ခရိုက်နှီဟုကျေးရွာ ဆီထွက်သီးနှံနေကြာ ဧက(၃၅၀)အကွက်ကျယ် နေကြာစိုက်ကွက်များသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာငါးလေလံ ဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက် အအုံများတည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းကို မကြာမီ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု၌ မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ “အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့် ဆက်စပ်အဆောက်အအုံများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်း” ကို မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကြံခင်းမြို့၌ ဆန်၊ ကြက်ဥ၊ စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ​ကြံခင်းမြို့၊ မဟာဘောဂလမ်း၊ ဈေးတာဝန်ခံရုံးရှေ့တွင် အခြေခံပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်စေရန် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဦးဆောင်မှုဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီက အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ စားအုန်းဆီနှင့် အသားဟင်းလျာများကို စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Subscribe to