ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများသို့ တက်‌‌ရောက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သော (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို အောက်တိုဘာ ၁ ရက်နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

မိုးညှင်းမြို့၌ မဲစာရင်းများကြေညာထားရှိမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးရုံးများ၌ မဲစာရင်းများကြေညာထားရှိမှု အခြေအနေများကို အောက်တိုဘာ ၁ ရက် နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ သံဃမဟာပဝါရဏာ ပွဲတော်နှင့် ဆီမီး (၉၀၀၀) ပူဇော်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် (၆၄) ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်နှင့် ဆီမီး (၉၀၀၀) ပူဇော်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁ ရက်နေ့နံနက် (၁၀) နာရီက ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ထားဝယ်)တို့ ပူးပေါင်းဖွင့်လှစ်သောအခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ (၂) ၌ ကျင်းပသည်။

မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်၌ ဧကာဒသမကြိမ်မြောက် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကျင်းပမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန် ကန်ဦးကန်ထိပ်၌ တည်ထားကိုးကွယ်သော ဓမ္မသုခရွှေစည်းခုံစေတီတော်၌ ဧကာဒသမကြိမ်မြောက် ဆီမီးထွန်းညှိပူဇော်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၇ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုး ထံက သိရသည်။

တပ်ကုန်းမြို့နယ်၌ ငလျင်ဘေးကြောင့် လူနေအိမ်ပျက်စီးမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ကုလားပဲများ ပေးအပ်

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း မတ်လ ၂၈ ရက်က မန္တလေးမြေ ငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ကုလားပဲများ ထောက်ပံ့ခြင်းကို အောက်တိုဘာ ၃ ရက်နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ အိမ်ထောင်စုများအတွက် မိုဃ်းကောင်းဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ရေတိုက်စားမှုကြောင့် ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း မိုင်တိုင်-၅၁/၆ နှင့် ၅၁/၇ ကြားရှိ တံတားအမှတ်-၅/၅၂ တံတားကျိုးကျမှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း မိုင်တိုင် ၅၁/၆ နှင့် မိုင်တိုင် ၅၁/၇ ကြား၊ ကိုင်းကျေးရွာအနီးရှိ တံတားအမှတ်-၅/၅၂ မှာ ရေတိုက်စားမှုကြောင့် အောက်တိုဘာ (၃) ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်က ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းကြေညာကပ်ထားမှုအား ပြည်သူများလာရောက်ကြည့်ရှု

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှစတင်ပြီး မြို့ပေါ်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားရာ ပြည်သူများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြူလုပ်ခဲ့ရာ အခမ်းအနားသိူ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Subscribe to