စမ်းချောင်းမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) အကြောင်း အသိပညာပေး

စမ်းချောင်း မတ် ၂၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်၌ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) အကြောင်း အသိပညာပေးဟောပြောပွဲကို မတ် ၂၄ ရက်နေ့က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

ဦးစွာ မြိုနယ်အ‌ထွေထေ့အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘ၀င်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်စုလှဖြူက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်ဆိုင်ရာနှင့်ပတ်သတ်၍ ပြည်သူများအား ပိုမိုသိရှိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)