တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲတက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ အတီးအမှုတ်အကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်။

စေတုတ္တရာမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်​ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဓနုဖြူမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

မိုးနဲမြို့နယ်၌ ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧက ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖယ်‌ကျေးရွာ၌ မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧက ဆောင်းနေကြာ‌ ရေဆင်း-၁ စပ်မျိုးရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ စိုက်ကွင်းနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟော‌ပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး နံရံကပ်၊ စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ကာယ၊ဉာဏစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးနံရံကပ်စာ‌စောင်ပြပွဲ၊ စာအုပ်စာ‌စောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နမ့်စန်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြုလုပ်ခဲ့သည်။

ခမောက်ကြီးမြို့၌ ကျောင်းသား၊ သူများအား အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များ ပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ကျောင်းသား၊သူများအား အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ဇန်နဝါရီလ ၂၉ ရက်၊ နံနက် ၁၀နာရီက အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်သည်။

ရွှေဘိုမြို့သူနာပြုသင်တန်းကျောင်း၌ စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် (၉)နာရီအချိန်တွင် ‌ရွှေဘိုမြို့ရှိ သူနာပြုသင်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌  ကျောင်းသား/ကျောင်းသူများနှင့်ပူးပေါင်း၍ ဒေါက်တာကျော်စိန်ကရေးသားထားသည့် “ယဥ်ကျေးလိမ္မာသော လူငယ်မှသည် လူကြီးလူကောင်းအဖြစ်သို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀  နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to