နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲတက်ရောက်၊ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သရက်တောကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပသော စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။