မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် သက်ဆိုင်ရာရပ်ကွက်များရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန် ကြေညာထားရှိရာ အဆိုပါ မဲဆန္ဒရှင် စာရင်းများကို မင်းဘူးခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မဲစာရင်းများပါ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။