တောင်ငူ မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ည (၆) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ပူပြင်းခြောက်သွေ့သော ဆောင်း၊ နွေဦးရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ ပြည်သူများအား မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများ အဆင်သင့်ထားရှိရေးတို့ကို အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)