မိုင်းယောင်းမြို့ ပုဗ္ဗဝိဇယစေတီ၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပေါ်တော်မူဗုဒ္ဓရုပ်ပွားတော်များ ကိုးကွယ်ရာဖြစ်သော ရှေးဟောင်းသမိုင်းဝင် ပုဗ္ဗဝိဇယစေတီတော်မြတ်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲပဋ္ဌာန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် နိုင်ငံတစ်ဝန်းကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့စေရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်အသိပညာပေးဆွေးနွေးခြင်းကို  ဇန်နဝါရီ  ၂၉ ရက်နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဟုမ္မလင်းမြို့၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီ(၂၉)ရက်နေ့၊ နံနက် (၁၀) နာရီက ဟုမ္မလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူများအား မိဘရပ်ထံအပ်နှံ၊ နေရပ်သို့ ပို့ဆောင်ပေး

ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို မြန်မာ့လေကြောင်းလိုင်း(MAI) ဖြင့် ဇန်နဝါရီ ၂၃ ရက်နေ့၊ နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အဆိုပါ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ကျိုင်းလပ်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(‌အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ဝမ်လုံရပ်ကွက်ရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်းသန့်ရှင်းဆောင်ရွက်မှု မြို့တော်ဝန်မှ ကြည့်ရူစစ်ဆေး

ရန်ကုန်တက္ကသိုလ်တွင် ယနေ့နံနက် (၇) နာရီချိန်မှစတင်၍ ကမာရွတ်မြို့နယ် အမှတ် (၉) ရပ်ကွက်တက္ကသိုလ်ရိပ်သာလမ်း (အဓိပတိလမ်းထိပ်မှ အင်းယားလမ်းထိ) မြို့နယ်စည်ပင်ရုံးမှ ဝန်ထမ်းများ၊ လမ်းတံတားမှ ဝန်ထမ်းများ၊ ရေစီးရေလာမှ ဝန်ထမ်းများ၊ ပန်းဥယျာဉ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား (၃၅) ဦးဖြင့် လမ်းဘေးဝဲ/ယာရှိ အမြင်မတင့်တယ်သည်များကို ရှင်းလင်းခြင်း၊ အပင်အောက်တက်ရှင်းလင်းခြင်း၊ ရေမြောင်းရှင်းလင်းခြင်း၊ ရေမြောင်းနှာပေါက်များ ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

စလင်းမြို့နယ်တွင် ကာကွယ်​​ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက်  အသိပညာပေးဆွေးနွေးဟောပြောမှုအခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီအချိန်က စလင်းမြို့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr Mongkol Visitstump အား လက်ခံတွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr Mongkol Visitstump အား လက်ခံတွေ့ဆုံသည်။

ကရင်ပြည်နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး

ကရင်ပြည်နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးရေး၊ စစ်ဆေးအရေးယူရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည့်အတွက် ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်တွင် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းခဲ့ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ၁/၂၀၂၆ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
Subscribe to