ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် စိုက်ပျိုးရေးလုပ်ငန်း စပါးရိတ်သိမ်းမှုများ ကွင်းဆင်းစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သောင်ကြီးကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တံ့ရောင်စီမံကိန်း)ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား စပါးရိတ်သိမ်းမှုနှင့် ဝယ်ယူမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာလ(၆)ရက်နေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်၊ သောင်းကြီးကျေးရွာ၊ သောင်ယံဦး လယ်ယာနှင့်အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသား ဦးခင်မောင်မြင့်၏လယ်တွင် စပါးရိတ်သိမ်းမှုများအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့သည်။