ကော့သောင်းမြို့ (၅၃) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယဘုရားပွဲတော်၌ ဘုရားဖူးများဖြင့် စည်ကား

ကော့သောင်း နိုဝင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၅၃) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ကော့သောင်းမြို့၊ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ညမှစတင်ကာ လပြည့်ကျော် ၈ ရက်နေ့အထိ (၉) ရက်တာ ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါ  ဗုဒ္ဓပူဇနိယဘုရားပွဲတော််တွင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓမြတ်စွာဘုရားရှင်တို့အား ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် အပူဇော်ခံထားရှိ၍ ကော့သောင်းမြို့နေပြည်သူများ၊ ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြပြီး ပြည်တော်အေးစေတီတော်တွင် ဘုရားဖူးပြည်သူများ၊ ဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများ၊ဈေး‌ ရောင်းပွဲတော်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)