သုံးခွမြို့ ရှစ်မျက်နှာစေတီတော်မြတ်ကြီးတွင် အကြိမ်(၄၀)မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့ အမှတ် (၄)ရပ်ကွက် မြို့မဈေးအနီးရှိ မြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ရှစ်မျက်နှာ စေတီတော်မြတ်ကြီးတွင်အကြိမ် (၄၀)မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၃ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) ည ၇ နာရီတွင် စေတီတော်ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။