နမ့်စန်(တ) နိုဝင်ဘာ ၆
ကျောင်းသားများပါဝင်လှုပ်ရှားမှု တိုးမြှင့်စေရန် အစပျိုးအကောင်အထည်ဖော်ရေးလုပ်ငန်း ‘Student Participation Initative – SPI’ ခရိုင်အဆင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း (နမ့်စန်) သရဖီခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ နမ့်စန်ခရိုင်ပညာရေးမှူး ဦးကျော်နိုင်သွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ညွှန်ကြားရေးမှူး ဒေါ်လီလီအောင်က ကျောင်းသားများ ပါဝင်လှုပ်ရှားမှုတိုးမြှင့်စေရန် အစပျိုးအကောင်အထည်ဖော်ရေးလုပ်ငန်း ‘Students Parcitipation Initative – SPI ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် နောက်ခံအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို နမ့်စန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်နှင့် မိုးနဲမြို့နယ်အတွင်းရှိ မူလွန်၊ အလက(ခွဲ)၊ အလက၊ အထက(ခွဲ)၊ အထကကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ စုစုပေါင်း (၇၁) ဦး တက်ရောက်လျက်ရှိပြီး နည်းပြ (၄) ဦးက ‘Students Parcitipation Initative – SPI လုပ်ငန်းများကို နိုဝင်ဘာလ ၅ ရက်မှ ၇ ရက်နေ့အထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)