သနပ်ပင်မြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများအကြောင်း မိခင်နှင့်ကလေးများအား အသိပညာပေးဟောပြောပွဲ ကျင်းပ

သနပ်ပင် နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများအကြောင်း မိခင်နှင့်ကလေးများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာခွန်စောထွန်းက ကိုယ်ဝန်ဆောင်မိခင်များအား ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာ) ကာကွယ်ဆေးများအကြောင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများနှင့် မေးခိုင်ကာကွယ်ဆေးများ ထိုးနှံ‌ပေးရခြင်းအကြောင်း တို့ကိုအကျယ်တဝင့်ရှင်းပြခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်စောထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ် ကေခိုင်ဝင်းနှင့်အဖွဲ့ဝင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ခဲ့ပြီး ကိုယ်ဝန်‌ဆောင်မိခင်နှင့် ကလေးငယ်များအားကာကွယ်‌ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)